ထားဝယ် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဇွန် ၂ ရက်နေ့နံနက်ပိုင်းတွင် တစ်ပြိုက်နက်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင်ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့်စာသင်ကြားလျက်ရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကျောင်းသားဦးရေမှာ မူလတန်းအဆင့် (၁၀၃၆၂၆)ဦး၊ အလယ်တန်းအဆင့်(၂၉၁၃၇)ဦး၊ အထက်တန်းအဆင့်(၇၅၂၄)ဦး၊ ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသားဦးရေမှာမူလတန်းအဆင့် (၅၀၆၂)ဦး၊အလယ်တန်းအဆင့်(၂၃၁၂)ဦး၊ အထက်တန်းအဆင့်(၉၉၄)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ကျောင်း သားဦးရေမှာ မူလတန်းအဆင့်(၂၆၁၀)ဦး၊ အလယ်တန်းအဆင့်(၆၄၅)ဦးရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ဆရာ/မများ၊ကျောင်း သား/သူများအေးချမ်းစွာစာသင်ကြားနိုင်းရေးနှင့်မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)