ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတင် ဖွင့်လှစ်သင်ကြား

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဦးလှစိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များအား တွေ့ဆုံ၍ တင်ပြချက်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းစုစုပေါင်း (၂၁၉)ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ၂)ကျောင်း  စုစုပေါင်း(၂၂၁) ကျောင်းတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၈၁၆၅)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် ဒေးဒရဲ တစ်မြို့နယ်လုံးတွင် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၆၁၀) ဦး ကျောင်းအပ်နှံပြီးကြောင်း သိရပြီး ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြာင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အေဇာလင်း