ပေါက်ခေါင်း ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို ယနေ့၌ နိုင်ငံတစ်ဝန်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများလည်း ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်း(၁၁၈) ကျောင်း၊ စုစုပေါင်း (၂၁၈)ကျောင်းတွင် KG တန်းမှ Grade-11 အထိ ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာ အတန်းများအလိုက် ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်ကြားပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအေးလှိုင်နှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်