ဟင်္သာတ ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသည်။
ဟင်္သာမြို့နယ်တွင်း အခြေခံပညာကျောင်းတို့တွင် ယခင်နှစ်ကျောင်းသားဦးရေ (၄၁၆၂၁)ဦး ထက် ကျော်လွန်၍ ယနေ့ အထိ အပ်နှံပြီးသူ(၅၁၈၃၅)ဦးနှင့် တက်ရောက်သူ(၄၉၆၇၀)ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှု များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဇော်-ဟင်္သာတ