သာယာ၀တီ ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာ၀တီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သာယာ၀တီမြို့နယ်တွင် အခြေခံပညာအထက်တန်း(၁၉)ကျောင်း၊ အလယ်တန်း(၄၂)ကျောင်း၊ မူလတန်းကျောင်း(၁၂၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စုစုပေါင်း ၁၉၄ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
သာယာ၀တီတစ်မြို့နယ်လုံးတွင် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၁၅၃)ဦး ကျောင်းအပ်နှံပြီးကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန့်ဇော်