ကြံခင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်း မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ မီးသတ်တပ်ဖွဲ့ ဝန်ထမ်းသား/သမီးများကို ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထိုနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၏ သား/သမီး (၆)ဦးအား မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မာမာဆွေတိုမှ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေမည့် ကျောင်းသုံးဗလာ စာအုပ်များ၊ ဘော့ပင်၊ ခဲတံ၊ ကွန်ပါဘူး စတဲ့ကျောင်းအသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဆွေနှင့် ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ သား/သမီးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)