အင်္ဂပူ ဇွန် ၂
၂၀၂၂-၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံမိုးနေကြာမျိုး စေ့ထုတ်စိုက်ပျိုးမည့် ကျေးရွာအုပ် စု(၁၄)စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများအား နေကြာမျိုးစေ့နှင့် မှိုသတ်ဆေးပေးအပ်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အင်္ဂပူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ အမှာစကားပြောကြားရာ တွင် ယခုနှစ် ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးရာမှာ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်မှုရှိရေး၊ သဘာဝမြေဩဇာနှင့် သွင်းအားစုများ အချိုးကျ အသုံးပြုရေးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်မှ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုး မည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး၊ စိုက်ပျိုးမှုပြည့်မီကျော်လွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူများမှ သိလိုသည်များကို မေးမြန်ရာ သက်ဆိုင်ရာ တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့မှ ဆီထွက်သီးနှံ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် ကျေးရွာအုပ်စု (၁၄)စုမှကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ လက်ဝယ်သို့ နေကြာမျိုးစေ့နှင့် မှိုသတ်ဆေးများ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)စုတွင် မိုးနေကြာဧက(၇၀၀)မျိုးစေ့ထုတ် စိုက်ပျိုးမည်ဖြစ် ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)