ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ထားဝယ် ဇွန်  ၂    

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိမြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင်  ကျောင်းသား/ကျောင်းသူ (၃၁၃၉၇)ဦး စာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကျောင်းသားဦးရေမှာ မူလတန်းအဆင့်(၂၁၁၅၆)ဦး၊  အလယ်တန်းအဆင့်(၅၉၀၈)ဦး၊ အထက်တန်းအဆင့်(၂၂၄၉)ဦး၊ ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသားဦးရေမှာ မူလတန်းအဆင့် (၁၃၇၈)ဦး၊  အလယ် တန်းအဆင့် (၁၇၄)ဦး၊ အထက်တန်းအဆင့်(၇၆)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသားဦးရေမှာ မူလတန်းအဆင့်(၂၇၈)ဦး၊  အလယ်တန်းအဆင့်(၁၇၈)ဦးရှိကြောင်း သိရသည်။

အဆိုပါခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာစာသင်ကြားနိုင်းရေးနှင့် မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)