ဖျာပုံ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ သဘာဝဘေး ကြိုတင်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်း ဆွေးနွေးရာတွင် ဖျာပုံခရိုင်သဘာဝဘေးကြိုတင် ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သဘာဝဘေးကြိုတင်ကာကွယ် စောင့်ရှောက်ရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ဖျာပုံခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက် ၍ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)