မအူပင်ခရိုင် (Community Centre) ခန်းမ၌ သဘာဝဘေးကူညီထောက်ပံမှုဆိုင်ရာ အသိပညာ ပေး Talk Show ဆောင်ရွက်

မအူပင် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးကူညီထောက်ပံမှု ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ပြည်သူများ သဘာဝဘေးကျရောက်ပါက သိရှိလိုက်နာ နိုင်ရေး ရှင်းလင်းဆွေးနွေး အသိပညာပေးရန် ပြောကြားခဲ့ပြီး မအူပင်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဦးဟန်လင်းထွဋ်က ဌာန၏ ရည်ရွယ်ချက်(၂)ရပ်၊ လုပ်ငန်းစဉ် (၆)ရပ်အား ရှင်းလင်းတင်ပြပြီး သဘာဝဘေးတွင် လူကြောင့်ဖြစ်သည့် သဘာဝဘေးနှင့် သဘာဝကြောင့် ဖြစ်တတ်သည့် သဘာဝဘေးများ၊ ပြည်သူများဘေးအန္တရာယ် ဖြစ်ပွားပါက ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ဌာနအနေဖြင့် မအူပင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး သဘာဝဘေးကျရောက်ပါက ကူညီဆောင်ရွက်ထောက်ပံမှု ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေး အသိပညာပေးတွေကို ကျောင်းဖွင့်ချိန် ပညာရေးကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ပေးပါကြောင်း မေလအတွင်း ကျရောက်ခဲ့သည့် သဘာဝဘေးနှင့် ပတ်သက်သည့် ထောက်ပံပေးအပ်မှုအခြေအနေများ၊ မိုးဦးကာလနှင့် မိုးနှောင်းကာလတွင် သဘာဝဘေး အန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ထောက်ပံနိုင်ရေး အိမ်ထောင်စု ၅၀၀ စာ ပြန်လည်ဖြည့်တင်းထားရှိပြီး ရန်ပုံငွေအား ပြန်လည်ဖြည့်တင်းပြီးဖြစ်ပါကြောင်း ကျရောက်နိုင်သည့် သဘာဝဘေးအား မကျရောက်ခင် ကြိုတင်ပြင်ဆင်မှုသည်သာ အကောင်းဆုံးဖြစ်ပါကြောင်းနှင့် ဖြစ်ပေါ်လာပါက မအူပင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပညာပေး မျှဝေဆွေးနွေးခဲ့ပြီး အသေးစိတ်ဆွေးနွေးချက်အား မအူပင်ခရိုင် ပြည့်သူ့စာကြည့် တိုက် Page တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)