အိမ်မဲ ဇွန် ၂
ရွှေခရု(Golden Apple Snail)
မူရင်းဒေသနှင့်ပျံ့နှံတည်ရှိမှု
ခရု၏မူရင်းဒေသမှာ တောင်အမေရိကဖြစ်၍ ထိုင်ဝမ်သို့ ပင်လယ်အစားအစာအဖြစ်ရောက်ရှိလာခဲ့ သည်။ ၁၉၇၉-၁၉၈၀ ခုနှစ်တွင်ထိုင်ဝမ်မှ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများသို့ပျံနှံ့ဝင်ရောက်လာ သည်။ ယခုအခါစပါးစိုက်ပျိုးသောနိုင်ငံအနှံ့အပြားသို့ပျံ့နှံ့လျက်ရှိသည်။
သွင်ပြင်လက္ခဏာ
ဥအုကာစ ပန်းနုရောင်ဥများမှာ (၂ ၊ ၂.၈) မီလီမီတာရှိပြီး တဖြည်းဖြည်း ပန်းဆီအနီရောင်သို့ပြောင်း လာသည်။အကောင်ပေါက်ကာနီးတွင်အဖြူရောင်သို့ပြောင်းလာသည်။ အကောင်ကြီးမှာ ဝါညိုရောင် ရှိပြီး အရွယ်အသားမှာ ၅ စင်တီမီတာ ခန့် (၂၊ ၃လက်မခန့်)ရှိသည်။
မျိုးပွားခြင်း
အကောင်ပေါက်ပြီး(၂၊၃)လအတွင်းအရွယ်ရောက်သည်။အမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥပေါင်း (၁၀၀ မှ ၁၀၀၀)အထိအတွဲလိုက်အုသည်။အမတစ်ကောင်သည်တစ်နှစ်အတွင်း (၃)ကြိမ် အထိမျိုးပွားနိုင်သည်။ ရွှေခရုတစ်ကောင်သည်ပတ်ဝန်းကျင်ရှိ အပူချိန်နှင့်အစာရေစာပေါ်မူတည် ၍(၅၊ ၁၀)နှစ်အထိအသက်ရှင်နေထိုင်နိုင်သည်။
စားသောက်နေထိုင်ပုံ
ခရုမများသည် ဥတွဲများကိုနေရာအနှံ့အုလေ့ရှိသည်။ အထူးသဖြင့်ရေနှင့်နီးသောနေရာများတွင် ပိုမိုအုလေ့ရှိသည်။ဥများသည် (၈)ရက်မှ (၂ပတ်အတွင်းအကောင်ငယ်များပေါက်လာသည်။ အကောင်းငယ်ဘဝတွင် ရေညှိ၊ ရေမှော်၊ ရွက်နုများကိုစားသောက်၍အကောင်ကြီးလာသည်နှင့် သီးနှံပင်အစိတ်အပိုင်းအားလုံးကိုစားသောက်ဖျက်စီးသည်။
ဖျက်စီးမှုလက္ခဏာ
စပါး၊ ပြောင်း၊ ရှောက်၊ သံပုရာနှင့်ဟင်းသီးဟင်းရွက်များတွင်အများဆုံးကျရောက်နိုင်ပါသည်။ စပါးပျိုးခင်း စိုက်ခင်းများတွင်ပင်ခြေမှစတင်၍ကိုက်ဖျက်စားသောက်လေ့ရှိပြီး အပင်များပြန်လည် ရှင်သန်နိုင်ရန် ခဲယဥ်းသောကြောင့်ကြိုတင်ကာကွယ်ရန်အလွန်အရေးကြီးသည်။ မြေကြီးထဲတွင် (၃)လခန့်ခိုအောင်းနိုင်ပါသည်။ စိုက်ခင်းရေရှိချိန်တွင်ပိုမိုကျရောက်နိုင်ပါသည်။
ကာကွယ်နည်း
၁။ ခြောက်သွေ့သောရာသီများတွင်ငြိမ်သက်စွာနေထိုင်၍အသက်ရှင်နိုင်စွမ်းရှိသည်။ စပါးခင်းများ အတွင်းရေရရှိသောအခါပြန်လည်သက်ဝင်လှုပ်ရှားလာပြီး ဖျက်ဆီးတတ်သည်။ထို့ကြောင့်စပါး ပင်ငယ်စဉ်တွင် ခရုအန္တရာယ်ကိုသတိပြုကင်းထောက်စစ်ဆေးပါ။
၂။ ပေါင်းမြက်များကိုရှင်းလင်းပါ။
၃။ သွင်းရေမှခရုများပိုမိုဝင်ရောက်တတ်သဖြင့်အလွယ်တကူမဝင်ရောက်နိုင်ရန် ရေဝင်ပေါက်များ တွင်သံဇကာစိပ်စိပ်ဖြင့်ပိတ်ထားပြီးရေသွင်းပါ။
နှိမ်နှင်းကုသနည်း
၁။ စိုက်ပျိုးနည်းစနစ်ဖြင့်ကာကွယ်နှိမ်နင်းခြင်း
- ကုန်းမြင့်ပိုင်းတွင်ပျိုးဘောင်ဖြင့်ပျိုးထောင်စိုက်ပျိုးပါ။
- ခရုဖျက်စီးမှုကိုခံနိုင်ရည်ရှိရန်ပျိုးသက်နောက်ဆုတ်၍ပျိုးပါ။
- ခရုများအားလုံးကိုလွယ်ကူစွာဖျက်စီးရန်ရေဝပ်ကျင်း၊ ရေအိုင်ငယ်လေးများ၊ စိတ်မြောင်းပတ် မြောင်းများပြုလုပ်ထားပါ။
- စပါးရွှေ့ပြောင်းစိုက်ပြီး(၁၀)ရက်အတွင်းရေထုတ်ပါ။
- မစိုက်မီ(၁)ဧကလျှင် ထုံး(၁၅၀)ပိဿာနှုန်းကြဲပတ်ပေးပါ။
၂။ လက်လုပ်နည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
-လူအင်အားဖြင့် ဥအတွဲများကိုကောက်ယူဖျက်စီးပါ။
-ခရုများဥအုရန် ဝါးတိုင်ငယ်လေးများကိုအခင်းအတွင်းစိုက်ပေးပြီးဥများကိုဖျက်စီးပါ။
-ရေသွင်းရေထုတ်မြောင်းများတွင်ဇကာစိပ်စိပ်တပ်ဆင်၍ကောက်ယူဖက်စီးပါ။
-ဇကာခုံးများထဲသို့ခရုကြိုက်နှစ်သက်သောသင်္ဘောရွက်၊ ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံများ ထည့်၍ လယ်ထဲတွင်နေရာအနှံချထားပါ။နောက်နေ့မနက်တွင်၎င်းဇကာများ ကိုသွားရောက် ဆယ်ယူ၍ပါလာသောခရုများကိုဖျက်စီးပစ်ပါ။
၃။ ဇီဝနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်း
- စိုက်ခင်းအတွင်းဘဲလွှတ်ကျောင်းပါ။
- ဖြစ်နိုင်ပါက ခရုဥနှင့်အကောင်ငယ်လေးများကိုစားစေရန်အတွက်လယ်ထဲသို့ငါးများထည့်သွင်းမွေး မြူပါ။
- ခရုစုပ်ငှက်များအားသတ်ဖြတ်ခြင်းမပြုရ၊ကာကွယ်စောင့်ရှောက်ပါ။
- ခရုများကို ဘဲစာ၊ ဝက်စာ၊ ငါးစာအဖြင့်လည်းကောင်းအသုံးပြုနိုင်ပါသည်။
၄။ ဓာတုနည်းဖြင့်ကာကွယ်နှိမ်နည်းခြင်း
- တစ်ဧကလျှင် စနေးဆိုဒ်( Snailcide 70WP) ဆေးမှုန့်(၁၈၀၊၂၄၀)ဂရမ်နှုန်းဖြင့်ကာကွယ်နှိမ်နှင်းပါ။ (ခရုဥမြုံများအားဖျက်စီးခြင်းဖြင့် ခရုကာကွယ်နှိမ်နင်းခြင်း၏ ၈၀ ရာခိုင်နှုန်းပြီးမြောက် နိုင်ပါသည်။
ရွှေခရုကာကွယ်နှိမ်နင်းခြင်းကို လူထုလုပ်ရှာမှုအသွင်ဖြင့် ရွှေခရုကောက်ပွဲကျင်းပခြင်းဖြင့်လည်း ကာကွယ် နှိမ်နင်းနိုင်ကြောင်းတင်ပြလိုက်ရပါသည်။
ချစ်သက်လယ်(အိမ်မဲ)
09684741234