ကသာ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက် (၉) နာရီ အချိန်မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကသာမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၇)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၅)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ စုစုပေါင်း (၄၉)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၂၄၁)ဦး ကျောင်းလာရောက်အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းအပ်နှံခြင်း ဆောင်ရွက်ရာတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နေခ (ပြန်/ဆက်)