စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်

စလင်း ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ရွှေ့ပြောင်းအိမ်ထောင်စု (၃၂)စုတို့ရှိ မိသားစုဝင်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး​ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မေလ (၂၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်း အိမ်ထောင်စု ကျေးရွာများ ဖြစ်သည့် သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် စလင်းမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်ထံမှ အိမ်ထောင်စု (၃၂)စုတို့အတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် (၂၄၇၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၃၂၀၀၀၀၀)ကျပ် စုစုပေါင်း (၃၄၄၇၈၀၀) ကျပ် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်