ဒေးဒရဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ဒေးဒရဲ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ယနေ့ နံနက်ပိုင်းမှ စတင်၍ သွားရောက်ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက (၃)လလျှင် (၁)ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ (ဧပြီ၊ မေ၊ ဇွန်) လများ အတွက် ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ကျေးရွာများ တွင် (၆၆၂)ဦးနှင့် မြို့ပေါ်ရပ်ကွက်များတွင် (၉၀)ဦး၊ စုစု‌ပေါင်း(၇၅၂)ဦးတို့အား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေ (၂၂၅၆၀၀၀၀)ကျပ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှု ဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

အေဇာလင်း