ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်မှုအဖွဲ့များ တာဝန်ပေးအပ်

ဒေးဒရဲ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ​ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ခြုံနွယ်အမှိုက်များ ကင်းစင်ရေး၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကလေးများ အား ကာကွယ်ဆေးထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ မိုးစပါးများအထွက် နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေပေးသွားရန်၊ လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှု မရှိစေရေး ဆောင်ရွက်ထားရှိရန်၊ ပြည်သူများမှ တင်ပြလာသော အခက်အခဲများအား ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပြည်သူများ တင်ပြ လာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒေးဒရဲမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်း လျာထားဧကများ အပြည့် အဝစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရာသီအလိုက် စီမံကိန်းသီးနှံများ လျာထားဧကအတိုင်း အပြည့်အဝ စိုက်ပျိုးထုတ်လုပ်နိုင်ရေး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး၊ သီနှံအထွက်နှုန်း တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ၊ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား အပတ်စဉ် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီထံ တင်ပြဆောင်ရွက်ထားနိုင်ရေး အတွက် အဖွဲ့(၁၂)ဖွဲ့အား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း