ပန်းတနော်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပန်းတနော် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ် မေလအတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် နေအိမ်များနှင့် မြစ်ကမ်းပါးပြိုကျခဲ့၍ ပြောင်းရွှေ့ခဲ့ရသော နေအိမ်များအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ပျက်စီးခဲ့သည့် ပန်းတနော်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ပြိုကျပျက်စီးခဲ့သော လူနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၇၀၀၀၀၀ ၊ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၅၂) အတွက် အိမ်ဆောက်ပစ္စည်းတန်းဖိုးငွေကျပ် ၁၆၃၀၀၀၀ နှင့် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့ ခဲ့ရသည့် အိမ်ထောင်စု (၁)စုအတွက်  အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် တစ်သိန်းတို့အား ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ လူဦးရေ (၂၈၅၅)ဦး တို့အား တစ်ဦးလျှင် ဆန်ရိက္ခာ ၂၁၀၀ ကျပ်နှုန်းနှင့် ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စု (၆)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ ပလတ်စတစ်ပုံး (၆) ပုံးတို့အား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်နှင့် မအူပင်ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးသင့်အိမ်ထောင်စုများထံသို့ ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)