ညောင်တုန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က အခြေခံပညာကျောင်းများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့မစခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် အတူ အခြေခံပညာကျောင်းများတွင် စာသင်ခန်းများ၊ သိပ္ပံခန်းများ၊ ကွန်ပျူတာခန်းများ၊ ကာကွယ်ရေးထိုးနှံရန် ဆေးထိုးခန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းပြင်ပလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)