သာပေါင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ၁၅မိနစ်အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေး ခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လကုန်ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးဂရုစိုက်ရန်၊ ၂-၆-၂၀၂၂ ရက်နေ့ ကျောင်းဖွင့်မည်ဖြစ်၍ ကျောင်းများအဆင်သင့်ဖြစ်ရေး၊ သန့်ရှင်းရေး၊ ရေမိလ္လာအသင့်ဖြစ်ရေး ကျောင်းဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တစ်ဆက်တည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည်ဖြစ်၍ မိဘအုပ်ထိန်းသူများ ကတိပြုဝန်ခံချက် ရယူရေး စည်းရုံးဆောင်ရွက်ရန်၊ ကျောင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ခု နှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးရေး တာဝန်ပေးအပ်ပြီး တောင်သူတစ်ဦးချင်းအလိုက် ပေးအပ် တာဝန်ပေးဆောင်ရွက်ရန်၊ ကျေးရွာအလိုက်သန့်ရှင်းရေး အပတ်စဉ်ဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း၊ ခြုံနွယ်မြက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ ပြည်သူများအား အသိပေးဆောင်ရွက်ရန်၊ ကျေးရွာအတွင်း လူစိမ်းဧည့်စိမ်းများ ဝင်/ထွက်မှု စောင့်ကြည့်သတင်းပေးပို့ရေး ဆောင်ရွက်ရန်၊ သဘာဝ ဘေးအန္တရာယ် ဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ ထူးခြားဖြစ်စဉ်များ တင်ပြရန်တို့ကို မှာကြားပြီး လိုအပ်သည်များ အသေးစိတ် ဆွေးနွေးပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်