မြောင်းမြတွင် Mobile Library စနစ်ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

မြောင်းမြ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများသို့ သွား‌ရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြာဖူးငုံလက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက် သို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာပေနှင့် အဆက်မပြတ်စေရန် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား စေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များအား စာဖတ် ပရိသတ်ရှိရာ ပြည်သူများထံသို့ အရောက်သွား၍ ငှားရမ်းပေးနေကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်