ဓနုဖြူ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်၊ ဝန်ထမ်းများအနေဖြင့် အားလပ်သောအချိန်တွင် စာအုပ် စာပေများ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှု ခြင်းအားဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်ခြင်းတို့ကြောင့် အချိန်မကုန်စေပဲဝန်ထမ်းများ စာအုပ်စာစောင်များ ငှားရမ်းနိုင်စေရေးနှင့် စာအုပ်စာပေများနှင့် မဝေးကွာစေရေးအတွက် ရုံးဌာနများအရောက် လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)