၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုလောမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့  အခမ်းအနား ကျင်းပ

ပုလော    ဇွန်   ၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုလောမြို့နယ်လုံးကျွန် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခန့်က ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက   ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံ၍ ကျောင်းတက်ရောက်နိုင်ရေးအတွက် မိဘဆရာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် ပညာရေးမှူး ဦးစောသိန်းဝင်းက ပုလောမြို့နယ်အတွင်းကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းခဲ့သည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာ စာအုပ်များနှင့် စေတနာထက်သန်သော အလှူရှင်များမှ လှူဒါန်းသည့် ကျောင်းသုံး ဗလာစာအုပ်နှင့် ထီးများကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)