ပလောက်မြို့တွင် မိုးရာသီကာလအတွင်း သွားလာရေးလွယ်ကူစေရန်အတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

ပလောက် ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်း ကျောင်းသား/သူများနှင့်ပြည်သူများ မိုးရာသီကာလအတွင်း သွားလာရေးလွယ်ကူအဆင်ပြေစေရန်အတွက် ရပ်ကွက်အတွင်းလမ်းများလိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအချိန်မှီပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ မြို့စည်ပင်သာယာရေးအဖွဲ့ မြို့တာ ဝန်ခံဦးသွင်စည်သူကျော်ထွေးနှင့် အဖွဲ့ဝင်များ ၊ မြို့မိ/ဖများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပါဝင်ပြီး ပလောက်မြို့ အမှတ်(၁)ရပ်ကွက် နှင်းဆီလမ်းအတွင်းရှိ ရေဝပ်လျက်ရှိသော လမ်းအပိုင်းအား ကျောင်းသူ/သားများနှင့် ပြည်သူများ မိုးရာသီကာလအတွင်း သွားလာရေးလွယ်ကူ အဆင်ပြေစေရန်အတွက်ကျောက်မှုန့်များအသုံးပြုပြီး လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ပြည့်ဖြိုးကျော် (ပလောက် ပြန်/ဆက်)