ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း ၂၁၈ ကျောင်း၌ ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား၊ ကျောင်းသူ  ၁၂၅၀၀ ကျော်ရှိပြီဖြစ်

ပေါက်ခေါင်း ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းကို မေလ ၂၆ ရက်နေ့မှ စတင်လက်ခံလျက်ရှိရာ ယမန်နေ့အထိ အခြေခံပညာကျောင်း ၂၁၈ ကျောင်းတွင် KG တန်းမှ  Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ  ၁၂,၅၉၂ ဦး ကျောင်းလာရောက်အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်း(၁၁၈)ကျောင်းတို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း ကျောင်းလာရောက်အပ်နှံသူဦးရေမှာ ယမန်နေ့ညနေအထိ  ၁၂,၅၉၂ ဦးရှိပြီး ကျောင်းအပ်နှံမှုမှာ ၉၆.၈၆ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)