သာပေါင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင် သားသမီးငယ်လေးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုဝင် သားသမီးငယ်လေးများအား၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျင်(၂၀၀၀ဝိ-) ကျပ်စီဖြင့်(၁၂)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျင်(၁၅၀၀ဝိ-) ကျပ်စီဖြင့် (၁၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျင်(၁၀၀၀ဝိ-) ကျပ်စီဖြင့်(၁၅)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျင်(၅၀၀ဝိ-) ကျပ်စီဖြင့်(၂၁)ဦးစုစုပေါင်း(၆၆)ဦးတို့အား ပညာသင်ထောက်ပံကြေးငွေ(၇၆၅၀၀၀/-)ကျပ် ပေးအပ်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်လွင်၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်ဟိန်းမင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သားသမီးလေးများအား ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)