အေးလင်းမြတ်ရှင်တိုက်ပွဲရှောင်စခန်းရှိ ကိုယ်ဝန် ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များ အား ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ရှမ်းရွာသစ်    စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားဖြစ်စေမည့် ဝန်ဆောင်မှုများအား  မိသားစုများ ရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန် ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယ အကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းမြတ်ရှင် တိုက်ပွဲရှောင်စခန်းတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲသို့ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစော ချစ်ခင်နှင့် တာဝန်ရှိသူများ၊  ရှမ်းရွာသစ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း အောင်နှင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေး မှူးများ တက်ရောက် ခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်မှ ထောက်ပံ့ငွေပေး အပ်ရ ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက် များ ကို ရှင်းလင်းပြောကြားပြီးနောက် အေးလင်း မြတ်ရှင် တိုက်ပွဲ ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင် မိခင်(၅၇)ဦး နှင့် အသက်(၂)နှစ် အောက်ကလေး(၂၆၇)ဦး စုစု ပေါင်း(၃၂၄)ဦးတို့အတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေ တစ်လလျှင် ကျပ် (၁၅၀၀၀/)ဖြင့် (၆)လစာကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)