ရေဖြူမြို့နယ် ပညာရေးဌာနသို့ ရတနာစီးပွားစီမံကိန်းကုမ္ပဏီမှ ငွေကျပ်(၁၂၇၈)သိန်းကျော်တန်ဖိုးရှိ ကျောင်းဆောင်သစ်(၂)ဆောင်နှင့် ပစ္စည်းများလွှဲအပ်လှူဒါန်း

ရေဖြူ ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးဌာနသို့ ရတနာစီးပွားစီမံကိန်းကုမ္ပဏီ(ကံပေါက်)မှ ငွေကျပ်(၁၂၇၈) သိန်းကျော်တန်ဖိုးရှိ ကျောင်းဆောင်သစ် (၂)ဆောင်နှင့်ပစ္စည်းများကို ပြီးခဲ့သည့်မေလ (၂၈)ရက်နေ့ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် လွှဲအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ကြားအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ရတနာစီးပွားစီမံကိန်းကုမ္ပဏီ (ကံပေါက်)မှ ရေဖြူမြို့ နယ်၊ ဂန့်‌ဂေါ်တောင်ကျေးရွာ၊ အခြေခံရေးပညာမူလတန်းကျောင်းတွင် ငွေကျပ်(၅၈၀)သိန်းတန်ဖိုးရှိ (၈၀×၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်တစ်ဆောင်၊ ဖြူနပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၉၀×၃၀)ပေရှိ ငွေကျပ်(၆၇၀)သိန်းတန်ဖိုးရှိ ကျောင်းဆောင်တစ်ဆောင်၊ အိန္ဒရာဇာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် ငွေကျပ်(၂၈၆၅၀၀၀)တန်ဖိုးရှိဆေးပုံးနှင့် ကွပ်ပျစ်များကိုလှူဒါန်းခဲ့ရာ ရေဖြူမြို့နယ်ပညာရေးမှူး ဦးမောင်ညိုကလက်ခံရယူပြီး ရတနာစီးပွားစီမံကိန်းကုမ္ပဏီသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူ)