ကဝမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

ကဝ   မေ   ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင် က အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအုန်းသွင် က လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဝမြို့နယ်အတွင်းရှိ ဂရန်အင်း ()အင်းကို (ဒုတိယ)အကြိမ် လေလံတင်ရောင်းချရာ ဈေးပြိုင်စနစ်ဖြင့် ()အင်းနှင့် တင်ဒါချက်(၂၂)ချက်မှ ()ချက်တို့အား အင်းသားကြီးများထံ လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)