ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးခုံတန်းများတွင် ရောင်းချ နေသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ဈေးရောင်း၊ ဈေး‌ဝယ် ပြည်သူများ နှာခေါင်းစည်း စနစ်တကျတပ်ဆင်နိုင်ရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)