တောင်တွင်းကြီးမြို့နယ်တွင် Community Base Facility Quarantine Centre အဖြစ်ထားရှိမည့် ညောင်ပင်လှကျေးရွာ မူလတန်းလွန်ကျောင်းအား ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Community Base Facility Quarantine Centre အဖြစ်ထားရှိမည့် ညောင်ပင်လှကျေးရွာ မူလတန်းလွန်ကျောင်းအား ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ တွေ့ရှိမှုများ ရှိနေသည့်မြို့နယ်များမှ တောင်တွင်းကြီးမြို့နယ် အတွင်းသို့ ပြန်၀င်လာသူများအား Community Base  Facility Quarantine ထားရှိနိုင်ရန်အတွက် ညောင်ပင်လှကျေးရွာ အမှတ်(၄၅) မူလတန်း လွန်ကျောင်းတွင် သောက်သုံးရေနှင့် အခြားလိုအပ်ချက်များ၊  လျှပ်စစ် မီးလိုင်း ပြင်ဆင်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်လှိုင်၊ တောင်တွင်းကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်‌ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)