ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ (CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ကျောက်မြောင်း    စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ထုတ်‌ တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့‌‌ နံနက် ၁၀နာရီအချိန်က‌ ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမ ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းမှ (CERP)ဖြင့် မိုးစပါး မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေ ပေးအပ်ရာ မခေါက်ကျေးရွာ တောင်သူများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ဦးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)