ရွှေသောင်ယံ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ပြုလုပ်ရာ အကျယ်အဝန်းမြေတစ်ဧက၌ မန်ဂျန်ရှားအပင်(၅၄၀)ကို ပုသိမ်မြို့နယ်ရှိ ဌာနဆိုင်ရာများ အစုံအညီဖြင့် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်း၊ ရွှေသောင်ယံမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆိုင်းနော်နော်နှင့် ဌာနဆိုင်ရာများ၊ ချောင်းသာမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟအောင်နှင့် ဌာနဆိုင်ရာများ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရွှေဟိန်းထက်ကုမ္မဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)