ကလိန်အောင် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ ဇွန်(၂)ရက်နေ့ ကျောင်းဖွင့်ရက်တွင် တက်ရောက်သင်ကြားကြမည့် အသက်(၅)နှစ်မှ(၁၂)နှစ် အောက်အရွယ် ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေးမည့်နေရာ ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလိန်အောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်နေမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်မင်းထွန်း၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများက ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ဇွန်(၂)ရက်နေ့ ကျောင်းဖွင့်ရက်တွင် တက်ရောက်သင်ကြားကြမည့် ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာကျောင်း (၁၀)ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် အောက်အရွယ် ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးပေးမည်ဖြစ်သောကြောင့် ဆေးထိုးရန်သတ်မှတ်စုရပ်နေရာဖြစ်သည့် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းဆောင်ခန်းမအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးထိုးနှံပေးမည့်နေရာ၊ ကျန်းမာရေးစစ်ဆေးမည့်နေရာ၊ ဆေးထိုးပြီးသောသူများအား မိနစ်(၃၀)ခန့် စောင့် ဆိုင်းထားရှိမည့်နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)