မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေအိမ်(၂)လုံး အမိုးလန်ပျက်စီး

သာပေါင်း မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊‌ ကတတ်ရိုးကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးကျော်ဇင်ဦး(၄၂/၂၂)နှစ်၊ ဦးကျော်အေး/ဦးထောင်ခိုင်(၆၅/၂၂)နှစ်၊ ဦးရွှေကျော်တို့၏ နေအိမ် များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အမိုးလန်ကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဦးကျော်ဇင်ဦး (၄၂/၂၂)နှစ်၊ (ဘ)ဦးကျော်အေး၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း အတူနေမိသားစု အသက်(၁၈)နှစ် အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၆)ဦး၊ နေအိမ်(အလျား ၁၈ ပေ× အနံ ၁၅ ပေ×အမြင့် ၁၀ ပေ)၊ (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) အမိုးလန် ပျက်စီး၊ ဦးထောင်ခိုင်(၆၅/၂၂)နှစ်၊ (ဘ)ဦးရွှေကျော်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ အတူနေမိသားစု အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၂)ဦး၊ နေအိမ်(အလျား ၁၈ ပေ×အနံ ၁၅ ပေ×အမြင့် ၁၀ ပေ)၊ (သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း) အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ရ သော မိသားစုများအား မြို့မရဲစခန်း၊ ဒုရဲအုပ်အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ တပ်ခွဲမှူး ဦးဇော်ဝင်းနိုင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများမှ ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ၎င်းဖြစ်စဉ်၌ လူနှင့် တိရစ္ဆာန် အသက်အန္တရာယ် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်