မင်းလှ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ (Kg) အတန်းမှ ဧကာဒဿမတန်းအထိ ကျောင်းသား/သူများ အား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ ကျောင်းသား/သူ စုစုပေါင်း (၁၇၉၄၈)ဦးထိ လာရောက် ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အထက်တန်း(၆)ကျောင်း၊ အလယ်တန်း(၁၃)ကျောင်း၊ မူလတန်း(၁၃၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (၄)ကျောင်း စုစုပေါင်း (၁၅၉)ကျောင်း တို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း နေ့စဉ်ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ အထက်တန်းအဆင့်(၁၁၆၆)ဦး၊ အလယ်တန်းအဆင့် (၃၉၃၆)ဦးနှင့် မူလတန်းအဆင့်(၁၂၈၄၆)ဦး စုစုပေါင်း ကျောင်းသား/ သူ(၁၇၉၄၈)ဦးကို ကျောင်းအပ်နှံမှု လက်ခံရရှိပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)