လက်ပံတန်းမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

လက်ပံတန်း မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၅၃)အုပ်စု၊ လူဦးရေ (၅၂၀၀)ဦး၊ ဧက (၃၅၂၄၄)အတွက် ကျပ်သိန်း (၅၂၈၆၆.၀၀)ကို ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး  ယမန်နေ့တွင် ဂုံမင်းကွင်းကျေးရွာအုပ်စုရှိ တောင်သူ (၃၃)ဦးအား မိုးစပါးစိုက်ပျိုးဧက (၂၃၃) ဧကအတွက် ချေးငွေ ကျပ်သိန်း (၃၄၉၅၀၀၀၀)ကို တောင်သူများ၏ စိုက်ချိန်ပျိုးချိန် သွင်းအားစုပေးနိုင်စေရေးအတွက်  ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မန်နေဂျာ ဦးတင်မောင်ဌေးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)