သနပ်ပင် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် (၂/၂၀၂၂) ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ ကျေးဇူးတင်စကား ပြောကြားပြီး ရှေးဦးပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊ ကျန်းမာရေး ကဏ္ဍမြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တာဆီးရေး၊ ဘေးဒုက္ခကျရောက်သောသူများ ကူညီဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း ရပ်ကွက်နေ ပြည်သူများ၏စိတ်တွင် လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်စေရန်၊ စေတနာ့ဝန်ထမ်းစိတ်ဓာတ်များ ကိန်းအောင်း လာစေရေးနှင့် လူမှုဂရုဏာလုပ်ငန်းများတွင် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ ထို့နောက် သင်တန်းတွင် ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများနှင့် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ (၂/၂၀၂၂)ရှေးဦးပြုစုခြင်းသင်တန်းကို သင်တန်းနည်းပြအဖြစ် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှ တိုင်းနည်းပြမှူး ဦးသိမ်းအောင်၊ အထောက်အကူပြုဆရာမ ဒေါ်ဇင်မာနွယ်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဒေါ်ဝင်းပပမျိုး၊ ဒုတပ်ဖွဲ့မှူး ဦးရှိန်းမောင်မောင် နည်းပြ(၄)ဦးမှ ဖွင့်လှစ်ပို့ချကာ သင်တန်းကာလမှာ မေ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်းသို့ မြို့ပေါ်/ရပ်ကွက်များမှ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)