မြောင်မြို့တွင် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံပေး

မြောင် မေ ၃၁

စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့၌ (၂၀၂၂/၂၀၂၃) ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ကျောင်းအပ်လက်ခြင်းများကို လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောင်းအပ်လက်ခံခြင်း အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ တာဝန်ရှိသူများက ကျောင်းအပ်လာသူ ကျောင်းသူ/သားများအား ကျောင်းသုံးစာရေးကရိယာများနှင့် ကျောင်းဝတ်စုံများကို အသီးသီးပေးအပ်ခဲ့ ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်