မအူပင် မေ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ပြုလုပ်သည်။
ရှေးဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဒု-ဥက္ကဋ္ဌ ဦးစိုးက သုတေသီဘုန်းမြင့်သွေး ရေးသားသော အောင်မြင်ကြီးပွားရေးနှင့် ကိုယ်ရည်ကိုယ်သွေး စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဆရာဦးစောမောင်နှင့် အဖွဲ့ဝင်ဆရာ ဦးဘိုထွေးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည်များအား မေးမြန်းကြရာ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန် / ဆက် (မအူပင်)