ဓနုဖြူ မေ ၃၀
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးဆောင်သောအဖွဲ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာကျော်မြင့်နှင့် ကျန်းမာရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရပ်ကွက်များရှိ နေအိမ်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ (အ.ထ.က)ကျောင်းများတွင် ကျောင်းကော်မတီအဖွဲ့များနှင့် ပူးပေါင်ပြီး စာသင်ခန်းများ၊ ကျောင်း၀န်းအတွင်း ခြင်ခိုအောင်မှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးငွေ့မှုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)