ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လယ်သမားများအား မိုးစပါးချေးငွေထုတ်ပေး

ကော့ကရိတ် ​မေ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ လယ်သမားများအားမြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ ၂၀၂၂ မိုးရာသီအတွက် မိုးစပါးချေး ငွေများ​ ထုတ်​ပေးလျက်ရှိရာ ယ​နေ့နံနက်ပိုင်းတွင်​လယ်သမား(၂၉)ဦးအား မိုးစပါး​ချေး​ငွေများထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

​ထိုသို့ချေး​ငွေးထုတ်​ပေးရာတွင် ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ​ဒေါ်ဟန်​ရွှေက​တောင်သူ လယ်သမားများကို​ ချေး​ငွေထုတ်ယူခြင်းနှင့်ပတ်သက်၍ ဌာန၏လုပ်​ဆောင်ချက်များကို ရှင်းလင်း​ပြောကြားသည်။ ထို​့နောက်လယ်သမား(၂၉)ဦး၊ လယ်ဧက(၂၁၄)ဧကအတွက်မိုးစပါးချေးငွေကျပ်(၃၂၁)သိန်းအား ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သေချာဆောင်ရွက်ပြီး ချေးငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။​

ကော့ကရိတ်လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မိုးရာသီစိုက်ပျိုး​ချေး​ငွေများကို ​မေ ၁၆ ရက်​နေ့မှ ထုတ်​ချေး​ပေးလျက်ရှိရာ ယ​နေ့အထိ​ ကျေးရွာအုပ်စု(၄)အုပ်စု၊ လူဦး​ရေ(၄၄)ဦး၊ ဧက(၃၂၄)ဧက ကျပ်သိန်း​ပေါင်း(၄၈၆)သိန်း ထုတ်​ချေး​ပေးပြီးဖြစ်ပါ​ကြောင်းနှင့်ခရိုင်အ​နေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ဧက(၅၃၅၀)​ဧက၊​ ချေး​​ငွေကျပ်သိန်း(၈၀၂၅)သိန်းထုတ်​ချေး​ပေး​ရေးလျာထားလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)