မင်းလှ မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျေးရွာအုပ်စုများမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့် တာဝန်ရှိသူများက ထန်းပင်ကုန်းအုပ်စု၊ နတ်ထမင်းကျေးရွာအတွင်းရှိ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လေဘေးသင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၆၂၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀ဝ) ကျပ်နှင့် ခွက်မအုပ်စု၊ ငလှစမ်းကျေးရွာတွင် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်(၁)လုံးမှ လေဘေးသင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀၅၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀ဝ)ကျပ်၊ စုစုပေါင်း (၃၀၆၇၀ဝ)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)