ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကျောက်တံခါး မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က မြို့ချောင်းကျေးရွာအုပ်စု ရန်ကုန်မန္တလေးအမြန်လမ်း ၈၇ မိုင် ၆ ဖာလုံအနီး ရဲနွယ်ပျိုးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေက ပျိုးပင်များအား မြို့ချောင်းကျေးရွာ သုခဝေဆီ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များထံ ပေးအပ်ပြီး မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က မြို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ထံသို့ ပျိုးပင်များအား ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှုးနှင့် အဖွဲ့များ၊ မြန်မာမာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခဝေဆီ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် မြို့ချောင်းကျေးရွာအုပ်စုအတွင်းမှ ပြည်သူများ၊ သစ်တော ဝန်ထမ်းများက သတ်မှတ်နေရာများတွင် မဟော်ဂနီ (၅၀)ပင်၊ မန်ဂျန်ရှား (၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ စုစုပေါင်းပျိုးပင် (၁၅၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)