ရွှေကျင်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံ‌ရေး အခမ်းအနားကျင်းပ

ရွှေကျင်  မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က အ-ထ-က (ရွှေကျင်) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသားသီချင်း သီဆိုဖွင့်လှစ်‌ပေးပြီး  ‌စစ်ဗျူဟာ(အခြေချ) ရွှေကျင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းအပ်နှံရာတွင် ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းချက် များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ‌စစ်ဗျူဟာ (အခြေချ)ရွှေကျင် စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်