ဒေးဒရဲ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁၄.၀၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော တော်ကမယ်၊ ကျုံဒူးဒါးမလိမ်း၊ ကျုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် လုပ်ငန်းများစတင်၍ အရှည်(၀/၅.၅၈မိုင်)၊ ထု(၁၉)လက်မနှင့် အကျယ်(၁၄)ပေရှိပြီး၊ တော်ကမယ်၊ ကျုံဒူးဒါးမလိမ်း၊ ကျုံကြပ်၊ ကျုံဟွတ်၊ ကြည်စု၊ ကျုံဒရယ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း၊ အကယ်ချောင်းဝ၊ ဘုရားကြီးကုန်း၊ အကယ်ရွာမ၊ ကျုံကြပ်ကျွန်း၊ ဘေးကြီး၊ သုံးဒါတ် စသည့် ကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းဖြစ်ပြီး၊ ပင်လယ်ပိုင်းဒေသများရှိ ကျေးရွာများသို့ ဆက်သွယ်ထားသော တစ်ခုတည်းသော ကုန်ထုတ်လမ်းဖြစ်ပြီး အဆိုပါ လမ်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒေသထွက်ကုန်များနှင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အေဇာလင်း