ပန်းတနော် မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပန်းတနော်မြို့ အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ရဲမှူးကျော်ဇံက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပညာရေးကဏ္ဍသည် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း စသည့်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ဆွေက ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းသို့ ရောက်ရှိရေးနှင့် ပညာသင်ယူခွင့် ရရှိရေးကိုလည်းကောင်း၊ ပညာရေး ကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ကျော်ဇံနှင့် အဖွဲဝင်(၁) ဗိုလ်မှူးဇေယျာမြင့်၊ ပညာရေး ဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒါ်သီသီမိုးက ဗလာစာအုပ် ၁၀ ဒါဇင်၊ ဘောပင် ၁၀ ဒါဇင်၊ ခဲတံ ၁၀ ဒါဇင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)