တနင်္သာရီ မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင်“ကျောင်းနေအရွယ်ကလေးများအား လုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ၂၀၂၂ခုနှစ် မေလ၂၆ရက်မှ ဇွန် ၂ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ (Kg)အတန်းမှ ဧကာဒဿမတန်းအထိ ကျောင်းသား/သူ များအားနေ့စဉ်ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာကျောင်း(၅၂)ကျောင်းတွင်ကျောင်း သူ/သား (၄၄၉)ဦးထပ်မံ လာရောက်အပ်နှံကြသဖြင့် စုစုပေါင်း(၃၇၃၄)ဦးအထိ လာရောက်ကျောင်းအပ်နှံပြီးဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၃) ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၆)ကျောင်း၊ မူ/လွန်(၅)ကျောင်း၊ မူလတန်း(၂၇)ကျောင်းနှင့် မူလတန်း ကျောင်း(ခွဲ)(၄)ကျောင်း စုစုပေါင်း(၅၂)ကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း နေ့စဉ်ကျောင်း အပ်နှံမှုအား လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မူလတန်းအဆင့် ကျောင်းသူ/သား(၂၅၉၁)ဦး၊ အလယ်တန်းအဆင့်(၈၈၄)ဦးနှင့်အ ထက်တန်းအဆင့်(၂၅၉)ဦး စုစုပေါင်း (၃၇၃၄)ဦးကို ကျောင်းအပ်နှံမှုလက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုဘဲ၊ လာရောက်အပ်နှံသည့် ကျောင်းသား/သူတိုင်းအား ဗလာစာအုပ်(၁)ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ခဲတံ(၂)ချောင်းနှင့်မှင်တံ(၂)ချောင်းတို့ကို (အခမဲ့) ထောက်ပံ့ပေးပြီး ကျောင်းဝတ်စုံများကိုမူ ယခုပညာသင်နှစ်အတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)