သနပ်ပင်မြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်

သနပ်ပင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့  ငါးသယံဇာတပေါ ကြွယ်ဝရေး၊ ငါးစားသုံးမှု ဖူလုံစေရေးအတွက် ငါးမျိုးစိုက်ခြင်းကို ယနေ့နံနက်  ၉ နာရီအချိန်က ခရမ်းညောင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီ  ဥက္ကဋ္ဌ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊‌‌ ငါးစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦး နှင့်ဝန်ထမ်းများ မြို့နယ်ငါးလုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူများက နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ ()သိန်း၊ ငါးခုံးမကြီး အကောင်ရေ(၁)သိန်း၊ ရွှေဝါရောင် ငါးကြင်းအကောင်ရေ ()သိန်း စုစုပေါင်း ငါးသား‌ပေါက် ကောင်ရေ ()သိန်းအား ခရမ်းညောင်ပင် ကျေးရွာရှိ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)