ကျောက်ကြီး မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသလုံခြုံရေးနှင့် ကျောင်းအပ်ထားရှိအခြေအနေများ၊ မိုးရာသီတွင် ပတ်ဝန်ကျင်စိမ်းလမ်းစိုပြေရေး သန့်ရှင်းရေးပြုလုပ် ဆောင်ရွက်မည့်အခြေအနေနှင့် သစ်ပင်စိုက်ပွဲပြုလုပ်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက မိမိတို့ကျေးရွာအုပ်စုအတွင်း လုပ်ငန်းဆောင်တာများ လိုအပ်ချက်များ အားနည်းချက်၊ အားသာချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က ဖြည့်စွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်