ဘုတ်ပြင်း မေ ၃၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်နှင့် ဝန်ထမ်းများက မာရ်အောင်ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံသို့ ဆန် (၂၄) ပြည့်ပါ ဆန် (၉) အိတ်အား လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)