ငပုတောမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့မှ အာကာကျေးရွာအုပ်စု၊ ပျဉ်းမချောင်းကျေးရွာရှိ အတွင်းဒီပါရုံ​ စေတီ​တော်မြတ်ထီးတော်သစ်တင်လှူ

ငပု​တော မေ ၃၀   ​

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အာကာကျေးရာအုပ်စု၊ ပျဉ်းမချောင်း ကျေးရွာရှိ အတွင်းဒီပါရုံ စေတီတော်မြတ် ထီးတော်သစ်တင်လှူပူ​ဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဒီပါရုံဘုရား ပုရဝဏ်အတွင်း ကျင်းပပူဇော်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်နီလာထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် ပိုးလောင်းကျေးရွာအုပ်စု သြဝါဒစရိယ အောင်သုခ ကျောင်းတိုက်မှ ​ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥုးသြသဓအား ဖူးမျှော်ကြည်ညိုခဲ့ပြီးနောက် စေတီတော်မြတ်ကို လက်ဝဲရစ်ခြံရံလျက် ပန်း၊ ဆီမီး၊ နံ့သာတို့​ဖြင့် ပူဇော်ခဲ့ကြပြီး ဂုဏ်တော် (၉)ပါးနှင့် (၂၄)ပစ္စည်း  ပဋ္ဌာန်းဒေသနာတော်များ အစရသည့် ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြကာ  စိန်ဖူးတော်မြတ်နှင့် ထီးတော်သစ်အား တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်း အနားကို  စတင်ခဲ့သည်။

ထို့နောက် ရတနာ၊ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပြီး စေတီတော်မြတ် စိန်ဖူးတော်မြတ်နှင့် ထီးတော်သစ်တင်လှူပူဇော်ပွဲ အခမ်းအနား  အောင်မြင်စွာ ပြီးဆုံးကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ အဆိုပါထီးတော်သစ်တင်လှူ ပူဇော်ခြင်းမင်္ဂလာအခမ်းအနားသို့ ငပုတောမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု သြဝါဒစရိယအောင်သုခ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥုးသြသဓမှ ကြွရောက်တော်မူခဲ့ပြီး  ကျောင်းတိုက်အသီးသီးမှ ပင့်ပိတ်ထားသော သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)